ဗီယက်နမ်နှင့် အမေရိကန် စစ်ပွဲကြီး ပြီးသွားသည်ကို မသိပဲ တောနက်ထဲမှာ ပုန်းအောင်းနေခဲ့သည့် သားအဖနှစ်ဦး၊ နှစ်ပေါင်း (၄၀)ကြာမှ ရှာဖွေတွေ့ရှိ
အမေရိကန်းများ စစ်ရှုံးပြီး ဗီယက်နမ် စစ်ပွဲနိုင်ခဲ့သည့် သတင်းကို
မသိနိုင်လောက်အောင် အပုန်းကောင်းခဲ့သော သားအဖနှစ်ဦး နှစ်ပေါင်း (၄၀)
ကြာမှ တော်နက်ထဲမှ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
...တွေ့ရှိတဲ့ အချိန်မှာ အဖေက အသက် (၈၂)နှစ်ရှိနေပြီး သားက အသက် (၄၁)နှစ် ရှိနေပြီဖြစ်ပါတယ်။
သူတို့သားအဖနှစ်ဦးကို ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့ကမှ ဗီယက်နမ်နိုင်ငံ
အလည်ပိုင်း Ho Van Lang က (၄၀) ကီလိုမီတာလောက် ဝေး တဲ့ တောနက်ထဲမှာ
ရွာသားတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဖခင်ဖြစ်သူဟာ လူမျိုးစု စကားကို သာ ပြောဆိုခဲ့ပါတယ်။ သားဖြစ်သူကတော့ စကားလုံးအနည်းငယ်ကိုပဲ သိပါတယ်။
ဖခင်ဖြစ်သူရဲ့ ပြောကြားချက်အရ စစ်ပွဲကြောင့် ၁၉၇၃ ခုနှစ်မှာ သူ့အိမ်မှာ
ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး သူ့ဇနီးဖြစ်သူနဲ့ ကလေးနှစ်ဦး သေ
ဆုံးသွားခဲ့ပါတယ်တဲ့။
ဒီသားအဖနှစ်ဦးဟာ
စစ်ဘေးစစ်ဒဏ်ကနေလွတ်မြောက် ခဲ့ပြီး တောနက်ထဲမှာ တာဇံတွေလို သစ်ပင်ပေါ်မှာ
အိမ်ဆောက်ပြီး သီးပင်စားပင်များကို စိုက်ပျိုးခြင်း၊ အမဲလိုက်ခြင်း
တွေလုပ်ပြီးနေ ထိုင်ခဲ့ကြပါတယ်။
ဒီသားအဖနှစ်ဦးဟာ ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်ပြီး နေ ထိုင်ခဲ့ကြာတာပါ။
အ၀တ်အစားတွေကိုတော့ သစ်ခေါက်တွေကို ယက်လုပ်ဖန်တီးပြီး ၀တ်ဆင်ထားတာကို
တွေ့ရှိခဲ့ရပါတယ်။ သစ်ခေါက်အင်္ကျီ အသစ်တစ်ခုကိုလဲ ပြုလုပ်ထားတာကို
လဲတွေ့ရှိခဲ့ရပါတယ်။
တွေ့ရှိချိန်မှာ ဖခင်ဖြစ်သူဟာ
အလွန်အားနည်းပြီး ပိန်လှီနေသည့်အတွက် တောတွင်းကနေ ထမ်းစင်နဲ့ သယ်ယူခဲ့ပြီး
အခုတော့ ဆေးရုံမှာ ဆေးကုသမှုခံယူလျှက်ရှိပါတယ်။
အခုတော့ သားအဖနှစ်ဦးကို ဒေသခံနဲ့ အာဏာပိုင်တွေဟာ တောတွင်း ကို ပြန်ပြေးမသွားနိုင်အောင် စောင့်ကြည့်နေရပါတယ်။
from ဗန်ကောက်ပို့စ်
No comments:
Post a Comment