ကုန်သေတ္တာ အလုံးပေါင်း ၈၀၀ ကျော်ကို တင်ဆောင်လာသော အင်ဒိုနီးရှား ကုန်တင် သင်္ဘော တစ်စီးသည် အန်ဒမန် ပင်လယ်ထဲရှိ မြန်မာ ကမ်းခြေအနီးတွင် သောင်တင်နေ
ကုန်သေတ္တာ
အလုံးပေါင်း ၈၀၀ ကျော်ကို တင်ဆောင်လာသော အင်ဒိုနီးရှား ကုန်တင် သင်္ဘော
တစ်စီးသည် အန်ဒမန် ပင်လယ်ထဲရှိ မြန်မာ ကမ်းခြေအနီးတွင် သောင်တင်နေကြောင်း
ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။
၎င်းသည် သင်္ဘော၏ အမည်မှာ MV Gladys ဖြစ်ပြီး လွန်ခဲ့သော တနင်္လာနေ့က မြန်မာ ကမ်းခြေ အနီးတွင် သောင်တင်သွားခြင်း ဖြစ်သည်။
သင်္ဘော၏ စက်ခန်းထဲကို သင်္ဘောအက်ကြောင်းမှ တဆင့် ရေများ ၀င်ရောက်လာသဖြင့်
သင်္ဘောစက်မှာ ရပ်သွားခဲ့ပြီး၊ ၎င်းနောက်ပိုင်း သောင်တင်သွားခဲ့သည်ဟု သတင်းက
ဆိုသည်။
ယခုအခါ သင်္ဘောကို မြန်မာ ကမ်းခြေအနီး ရေတိမ်ပိုင်းသို့ဆွဲ ခေါ်လာပြီး ကျောက်ချရပ်ထားသည်ဟု သင်္ဘော အာဏာပိုင်များက ပြောသည်။
ယခုအခါ သင်္ဘောပိုင်ရှင်မှ အင်အားကောင်းသော ဆွဲသင်္ဘော တစ်စီးဖြင့် စစ်တကောင်း
ဆိပ်ကမ်းသို့ ကုန်တင် သင်္ဘောကို ဆွဲယူရန် စီစဉ်နေပြီး (သို့မဟုတ်ပါက)
ကုန်သေတတ္တာ အလုံး ၈၀၀ ကျော်ကို တင်ဆောင်လာသော သင်္ဘော ကံကြမ္မာမှာ မည်သို့
ဖြစ်သွားမည်ကို မခန့်မှန်းနိုင်ဟု ဆိုသည်။
အဆိုပါ အင်ဒိုနီးရှား
မှတ်ပုံတင် သင်္ဘောသည် မလေးရှား နိုင်ငံ ကီလန်း Kelang ဆိပ်ကမ်းမှ ဇူလိုင်လ
၂၆ ရက်နေ့က ထွက်ခွာလာခဲ့ပြီး လွန်ခဲ့သော ဇူလိုင်လ ၃၁ ရက်နေ့တွင်
င်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ဆိပ်ကမ်းသို့ ဆိပ်ကပ်ရန် စီစဉ်ရှိခဲ့သည် ဟု
ဆိုသည်။
ယခုအခါ သင်္ဘော ရေပေါ်တွင် ပေါ်လာအောင် စက်ခန်းထဲရှိ
ရေများကို စုတ်ထုတ်နေသည်ဟု ဆိုသည်။ သင်္ဘော သောင်တင်နေသော နေရာအား သတင်းစာက
အသေးစိတ် ဖေါ်ပြထားခြင်း မရှိပါ။
from နိရဉ္စရာ
No comments:
Post a Comment