Sunday, August 4, 2013

လုံခြုံရေးခြိမ်းခြောက်မှုကြောင့်အမေရိကန်သံရုံးများ ပိတ်ထားရ


အမည်မသိခြိမ်းခြောက်မှု တစ်ခုကြောင့် အမေရိကန်သံရုံး နှင့် ကောင်စစ်ဝန်ရုံးများကို တနင်္ဂ နွေနေ့တွင် ပိတ်ထားရမည်ဖြစ် ကြောင်း အရာရှိများက ပြော ခဲ့သည်။ ပုံမှန်တနင်္ဂနွေနေ့ ဖွင့် လှစ်သော သံရုံးများတွင် အဆိုပါ ခြိမ်းခြောက်မှုကို တုံ့ပြန်ရန်ပိတ် ထားခြင်းဖြစ်ကြောင်း ပြောရေး ဆိုခွင့်ရှိသူက ပြောခဲ့သည်။ အမေ ရိကန်သံရုံးများမှာ တနင်္ဂနွေနေ့ ရုံးပိတ်လေ့ရှိသော်လည်း မူဆ လင်နိုင်ငံတွင်မူ တနင်္ဂနွေနေ့ရုံး မပိတ်ကြောင်း သိရသည်။ ယမန်နှစ်စက်တင်ဘာလ ကလည်း ဘင်ဂါဇီရှိ အမေရိကန် ကောင်စစ်ဝန်ရုံးတွင် တိုက်ခိုက် ခံရမှုကြောင့် အမေရိကန်လေးဦး သေဆုံးခဲ့ရသည်။ ''အမေရိကန် သံရုံးနဲ့ကောင်စစ်ဝန်ရုံးတွေ အား လုံးကို တနင်္ဂနွေရုံးပိတ်ဖို့ညွှန် ကြားထားပါတယ်''ဟု ထိပ်တန်း ပြည်နယ်အရာရှိတစ်ဦးက ဘီဘီ စီသတင်းဌာနသို့ ပြောခဲ့သည်။
အဆိုပါလုံခြုံရေးခြိမ်း ခြောက်မှုသည် ဘာရိန်း၊ အစ္စရေး၊ ဂျော်ဒန်၊ ကူဝိတ်၊ လစ်ဗျား၊ အို မန်၊ ဆော်ဒီအာရေးဗီးယား၊ ယီ မင်၊ အာဖဂန်နစ္စတန်နှင့် ဘင်္ဂလား ဒေ့ရှ်ရှိ သံရုံးသို့မဟုတ် ကောင်စစ် ဝန်ရုံးများတွင် ဖြစ်ပွားကြောင်း CBS သတင်းများအရ သိရသည်။
from: BBC

No comments:

Post a Comment