Sunday, August 4, 2013

ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ကိုယ်စားလှယ်များဖြင့် ကနဦး ဖွဲ့စည်းမည့် ပါတီသစ်အား ယခုလအတွင်း မှတ်ပုံတင်ရန် စီစဉ်နေ


ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့ဝင် ပါတီများမှ ကိုယ်စားလှယ်များဖြင့် ကနဦး ဖွဲ့စည်းမည့် ပါတီအား ယခုလအတွင်း မှတ်ပုံတင်နိုင်ရန် စီစဉ်နေကြောင်း NBF ပြောရေးဆိုခွင့်ရှိသူ ဦးဇိုဇမ်က The Daily Eleven သို့ ပြောကြားသည်။
...
လက်ရှိတွင် ပါတီသစ်အား မှတ်ပုံတင်ရန်အတွက် NBF အဖွဲ့ဝင် ပါတီများထံမှ ကိုယ်စားတောင်းခံထားခြင်း၊ ပါတီဝင်သစ်များ စည်းရုံးရေး ကိစ္စရပ်များ ပြင်ဆင်နေမှုအား အချောသပ် ပြုလုပ်နေကြောင်း သိရသည်။

"မကြာခင် ကျွန်တော်တို့ မှတ်ပုံတင်ရ ပါလိမ့်မယ်။ အဲဒီအတွက် အချောသပ်တဲ့ အခြေအနေမှာ ရှိနေပါတယ်" ဟု ဦးဇိုဇမ်က ပြောကြားသည်။

ယင်းပါတီသစ်တွင် ပါဝင်ရန်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (ကျားဖြူ) ပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးစိုင်းစောသန်းမြင့်သည် ဇူလိုင် ၃၀ ရက်က ပါတီမှ နုတ်ထွက်ခဲ့ပြီး ၎င်းနှင့်အတူ အခြားပါတီဝင် တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ ပါတီသစ် တည်ထောင်ရန်အတွက် NBF အဖွဲ့ဝင် ပါတီများမှ ကိုယ်စားလှယ်ဦးရေ သတ်မှတ်ထားခြင်း မရှိဘဲ တစ်ဦးသို့မဟုတ် နှစ်ဦးပါဝင်ရမည်ဖြစ်ပြီး ပါတီဝင်ဖြစ်ပါက မိခင်ပါတီမှ နုတ်ထွက်ရမည်ဖြစ်ကာ ပါတီဝင် မဟုတ်သူများလည်း ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့က လက်ရှိပါတီဝင် မဟုတ်သူတွေကိုပဲ ဦးစားပေးပါလို့ ပြောထားတယ်။ မြေပြန့်မှာ အဓိက လုပ်မှာဆိုတော့ ရန်ကုန်၊ မန္တလေးမှာ အခြေချနေတဲ့ သူတွေကိုပဲ ဦးစားပေး စာရင်းပေးပါလို့ ပြောထားတယ်။ နောက်ပါတီဝင်တွေ အနေနဲ့ မြန်မာပြည်က တိုင်းရင်းသား ဖြစ်တယ်ဆိုရင် မည်သူ့ကိုမဆို ဖိတ်ခေါ်ပါတယ်။ မြန်မာပြည်မှာ တိုင်းရင်းသား ၁၃၅ မျိုးလို့ ပြောကြတာပဲ။ အဲဒီ ၁၃၅ မျိုးလုံးကို ဖိတ်ခေါ်ပါတယ်" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဝင်ဟောင်း ဦးစိုင်းစောသန်းမြင့်က ပြောကြားသည်။

ယခုကဲ့သို့ မြေပြန့်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပါတီတည်ထောင်ရခြင်းမှာ နောင်တစ်ချိန်တွင် မြန်မာနိုင်ငံ၏ ပါတီကြီးတစ်ခု အနေအထား ရောက်ရှိရန်အတွက် ဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ၌ အင်အားကြီးပါတီ သုံးခုသာရှိပြီး ၎င်းတို့ကဲ့သို့ ဖြစ်လာရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဦးစိုင်းစောသန်းမြင့်က ပြောကြားသည်။

ပါတီ၏ အမည်ကိုမူ သုံး၊ လေးခု ရွေးချယ်ထားပြီး မကြာမီ ရက်ပိုင်းတွင် အစည်းအဝေး ပြုလုပ်ကာ ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အဖွဲ့ဝင်အများစုက ဖက်ဒရယ်ယူနီယံ ပါတီဟု အမည်ပေးရန် ရွေးချယ်ထားကြကြောင်း သိရသည်။
From EMG

No comments:

Post a Comment