Sunday, August 4, 2013

ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ မွန်ပြည်နယ်သို့ သွားရောက်၍ အစိုးရအဖွဲ့၊ လွှတ်တော်၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဆွေးနွေး


ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ H.E.Mr.John Bercow နှင့်အဖွဲ့သည် သြဂုတ် ၂ ရက်တွင် မွန်ပြည်နယ်သို့ ပထမဆုံးအကြိမ် လာရောက်ကာ အစိုးရအဖွဲ့၊ လွှတ်တော်အဖွဲ့၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
...
"အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ပါဝင်မှုနဲ့ လူ့အခွင့်အရေး၊ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ၊ စဉ်ဆက်မပြတ် ပညာရေး ကိစ္စတွေကို အစိုးရအဖွဲ့မှာ ဆွေးနွေးပြီး လွှတ်တော်မှာတော့ ပြည်တွင်းငြိမ်းချမ်းရေး အပစ်အခတ် ရပ်စဲရေးတွေ ဆွေးနွေးကြပါတယ်။ အရပ်ဘက် အဖွဲ့အစည်းမှာတော့ လူငယ် ၂၅ ယောက်လောက် ပါဝင်ကြပြီး လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေမှာ စိတ်တိုင်းမကျတာနဲ့ ကြိုက်တာတွေ၊ အနာဂတ်တွက် မျှော်မှန်းချက်တွေကို မေးမြန်းပြီး ၂၀၁၅ ခုနှစ်အလွန် မျှော်မှန်းထားတာတွေကို မေးမြန်း၊ ဆွေးနွေးတင်ပြ ကြပါတယ်" ဟု အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ အဖွဲ့သည် သြဂုတ် ၃ ရက်တွင် သံဖြူဇရပ် မဟာမိတ်စစ်သင်္ချိုင်း (သေမင်းတမန် မီးရထားလမ်း ဖောက်လုပ်ရာတွင် ကျဆုံးခဲ့သော မဟာမိတ် ရဲဘော်များ၏ သင်္ချိုင်း)သို့ သွားရောက်ဂါရ၀ပြု လေ့လာကြသည်။
From DVB

No comments:

Post a Comment