Saturday, August 3, 2013

မြန်မာနိုင်ငံ၏ ဒေသကြီး(၅)ခုတွင် မြေပြိုမှုဖြစ်လာနိုင်ဖွယ်ရှိနေ..


... မြန်မာနိုင်ငံ၏ ဒေသကြီး(၅)ခုတွင် မြေပြိုမှုဖြစ်လာနိုင်ဖွယ် ရှိနေကြောင်း
မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကဆိုသည်။ယခုရက်ပိုင်းအတွင်း
မြန်မာနိုင်ငံမြောက်ပိုင်း၊အရှေ့တောင်ပိုင်းများတွင် မိုးဆက်တိုက်ရွာသွန်း
နေသည့်အတွက်မြေပြိုမှုအန္တရာယ်တိုးလာပြီး လျှပ်တစ်ပြက်ရေကြီးခြင်း
များ၊ရေဖုံးလွှမ်းခြင်းများရှိနေကြောင်း သိရသည်။မြေပြိုမှု အန္တရာယ်ရှိသော
ဒေသများသည် ကချင်ပြည်နယ်မြောက်ပိုင်းစွန်း၊စစ်ကိုင်းတိုင်းဒေသကြီး
အထက်ပိုင်း၊ချင်းပြည်နယ်တောင်ပိုင်း၊ကရင်ပြည်နယ်မြောက်ပိုင်းနှင့်
တောင်ပိုင်းတို့ဖြစ်သည်။မြေပြိုမှုအန္တရာယ်သေချာမှုအဆင့်က ဖြစ်လာ
ဖွယ်ရှိ(Likely)အဆင့်ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ပြောကြားကြောင်း
သတင်းရရှိသည်။

from SkyNet TV Browser>>Aye Chan Mon

No comments:

Post a Comment