မကွေးဒေသအတွင်းရှိ နိုင်ငံရေးပါတီအဖွဲ့အစည်းများအား ပါတီစနစ်တကျစုစည်းခြင်းနှင့် ...
ထိရောက်အောင်မြင်စွာမဲဆွယ်စည်းရုံးရေးလုပ်ဆောင်ခြင်းခေါင်းစဉ်ဖြင့် နိုင်ငံခြားသား(၂)ဦးက
မကွေးမြို့ ကမ်းနားလမ်း နန်းထိုက်သူဟိုတယ်တွင် ပို့ချခဲ့ကြောင်းသတင်းရရှိသည်။
အဆိုပါသင်တန်းကိုINTERNATIONAL REPUBLICAN INSTITUBE (IRL)မှလာရောက်ပို့ ချပေးခြင်း ဖြစ် သည်။
မကွေးဒေသတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊NLD ၊ NDF ၊နှင့် တိုင်းရင်းသား စည်း လုံးညီညွတ်ရေးပါတီတို့မှသင်တန်းသား(၇၂)ဦးတက်ရောက်ခဲ့သည်။
“သင်တန်းတစ်ခုထည်းမှာ အတူတကွတက်ယောက်ရတဲ့အတွက် တစ်ဦးနဲ့တစ်ဥိးရင်းနှီးမှု
လည်းရတယ်၊နိုင်ငံတကာအတွေ့အကြုံရော၊ပါတီအဖွဲ့စည်းတွေရဲ့
အတွေ့အကြုံတွေကိုပါသိရတော့၊အတွေ့အကြုံကောင်းတစ်ခုလို့
ယူဆပါတယ်” ဟု
ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှတက်ရောက်လာသော ဦးကြည် သိန်း မှပြောကြားခဲ့သည်။
သင်တန်းဆရာများမှာMr Steve Cima နှင့် Mr Mattတို့ဖြစ်ပြီးသင်တန်းစီစဉ်သူနှင့်
ဘာသာ ပြန်အဖြစ်ကိုအောင်မျိုးဦးနှင့်ကိုညီညီမင်းတို့မှကူညီဆောင်ရွက်ခဲ့
သည်။
ယခုသင်တန်းကို တောင် ကြိး၊ မန္တလေးနှင့် မကွေးတို့တွင်လည်းဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိသည်။
from Popular Myanmar News Journal

No comments:
Post a Comment