မြစ်ရေကြီးမှု အခြေအနေသတင်း
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၁)ရက် (၁၃း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၂၁-၈-၂၀၁၃)ရက်နေ့ (၀၆း၃၀)နာရီ အချိန်မှစ၍ စိုးရိမ်ရေမှတ်သို့ရောက်ရှိခဲ့ပြီး
ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏
စိုးရိမ်ရေမှတ်အထက် (၃၉)စင်တီမီတာ (၁.၃-ပေခန့်) ကျော်လွန်နေပါသည်။
အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက်(၄၈)နာရီ အတွင်း (၃၀)စင်တီမီတာ
(၁-ပေခန့်) ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင်
ဆက်လက်တည်ရှိနိုင်ပါသည်။
ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၂၁-၈-၂၀၁၃)ရက်နေ့ (၀၆း၃၀)နာရီ အချိန်မှစ၍ စိုးရိမ်ရေမှတ်သို့ရောက်ရှိခဲ့ပြီး
ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏
စိုးရိမ်ရေမှတ်အထက် (၁၂)စင်တီမီတာ (၀.၄-ပေခန့်) ကျော်လွန်နေပါသည်။
အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီ အတွင်း ယင်းမြို့၏
စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။
Ref : မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာန
No comments:
Post a Comment