ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် အသက်ဆက်ဆေးစားနေရသည်ဟု
လတ်တလောထွက်ပေါ်နေသည့် သတင်းမှာ လုံးဝမဟုတ်မှန်ကြောင်း သူမ၏ကျန်းမာရေးကို
အနီးကပ်စောင့်ရှောက်မှုပေးနေသော ဒေါက်တာတင်မျိုးဝင်...းက ပြောသည်။သာမန်လူများစားသုံးသည့် အားဆေးကိုသာ စားသုံးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် ဗစ်တိုးရီးယားဆေးရုံတွင် တစ်ကိုယ်လုံးစစ်ဆေးပြီးဖြစ်သလို ခန္ဓာကိုယ်အတွင်းရှိ အရေးကြီးသောအစိတ်အပိုင်းအချို့ကိုလည်း နိုင်ငံခြားပါရဂူများထံ ပေးပို့စစ်ဆေးခဲ့ရာ မည်သည့်ရောဂါမျှမရှိဟု သိရကြောင်း ၎င်းက ပြောသည်။
``ကျွန်တော့်မှာ ဆေးမှတ်တမ်းသက်သေတွေ ရှိပါတယ်။ ဒါကြောင့် နောင် ၁၀ နှစ်အထိ ကောင်းကောင်းအလုပ်လုပ်နိုင်ပါ တယ်´´ဟု ဒေါက်တာတင်မျိုးဝင်းက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါကလည်း သမ္မတတာဝန်ကို ကောင်းကောင်းလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း လက်ရှိနေ ထိုင်မှု ပုံစံအတိုင်း ဆက်ရှိမည်ဆိုပါက နောင် ၁၀ နှစ်အထိ ဘာမှဖြစ်မည်မဟုတ်ကြောင်း သိရသည်။
from Popular Myanmar News Journal

No comments:
Post a Comment