ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်သူများအား အရေးယူ
၃.၈.၂၀၁၃ ရက်နေ့ ၁၀၁၀ အချိန်ခန့်တွင်
ကျောက်တံတားမြို့နယ်၊ (၁)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ မြို့တော်ခန်းမရှေ့အလယ်ကျွန်းတွင်
ဦးရက္ခ၀ံသ၊ သီရိအောင်မြေကျောင်း ဒဂုံမြို့သစ်(အရှေ့) မြို့နယ်သည် ဆော့ပင်အနီရောင်ဖြင့်ရေးသားထားသည့်
ကျန်ရှိနိုင်ငံရေးအကျဉ်းသားအားလုံး ၈.၈.၂၀၁၃ နေ့နောက်ဆုံးထားပြီး
ချွင်းချက်မရှိပြန်လွှတ်ပေးရေး၊ ရက်အကန့်အသတ်မရှိအစာငတ်ခံဆန္ဒပြ စာသားပါ
ကဒ်ထူစက္ကူအားကိုင်ဆောင်၍ မတ်တပ်ရပ်လျက် ဆန္ဒဖော်ထုတ်လျက်ရှိရာတွင် သန်းဆွေ၊
(ဘ)ဦးတင်မောင်၊ ပန်းဘဲတန်းမြို့နယ်၊ ဌေးအောင်၊ (ဘ)ဦးချစ်ရင်၊ အလုံမြို့နယ်၊ ... မနီလာဟန်၊
(ဘ)ဦးအေးဟန်၊ မြောက်ဥက္ကလာပမြို့နယ်နှင့်
ခင်မျိုးသန့်၊ (ဘ)ဦးမြင့်အောင်၊ ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့နယ်နေသူ
တို့ (၄)ဦးမှဝိုင်းဝန်းစုဝေးဆောင်ရွက်ပေးနေကြသဖြင့်
ကျောက်တံတား မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ခွင့်ပြုမိန့်တောင်းခံပြီးမှသာ
ဆန္ဒဖော်ထုတ်ခြင်း
ပြုလုပ်ရန် ရှင်းလင်းပြောကြား၍ တားမြစ်ခဲ့သော်လည်း
ဆက်လက်ဆန္ဒဖော်ထုတ်နေသဖြင့် ဦးရက္ခ၀ံသအား သိမ်တော်ကြီး
ကျောင်းဆရာတော် (သံဃာ့နာယကဥက္ကဌ)
မှပင့်ဆောင်သွားခဲ့ပါသည်။
ထိုသို့ပင့်ဆောင်သွားခဲ့သော်လည်း ၁၃၁၀ အချိန်ခန့်တွင်
ဦးရက္ခ၀ံသ မှပြန်လည်ရောက်ရှိလာပြီး ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့ရာ
သန်းဆွေပါ(၄)ဦး တို့မှလည်း ၀ိုင်းဝန်းစုဝေး
ဆန္ဒဖော်ထုတ်ခြင်းကို
ပြုလုပ်ကြသဖြင့် ကျောက်တံတားမြို့မရဲစခန်း
(ပ)၂၇၇/၂၀၁၃၊
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း
လှည့်လည်ခွင့်ဆိုင်ရာဥပဒေ
ပုဒ်မ ၁၈ ဖြင့်အမှုဖွင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်း ရရှိပါသည်။
From Yangon Police
No comments:
Post a Comment