ဆွဲကြိုးလုယူထွက်ပြေးသူအား ၀ိုင်းဝန်းဖမ်းဆီးအရေးယူ
၃.၈.၂၀၁၃ ရက်နေ့ ၁၇၁၅ အချိန် ရန်ကင်းမြို့နယ်၊ (၂)ရပ်ကွက်၊ ရန်ကင်းစင်တာ YCDC တိုက်ခန်း တွင်နေသူ ဒေါ်ခင်သန်းရီသည်
... နေအိမ်တွင်အမဖြစ်သူ ဒေါ်ကြည်ကြည်ညွှန့်နှင့်အတူရှိနေစဉ်
ယခင်က တိုက်ခန်းသို့ ၀င်/ထွက်လေ့ရှိသူ ဇော်မျိုးထက်(ခ)အောင်အောင်၊ (ဘ)ဦးကုလား၊ ရွာသာရွာ၊ တိုက်ကြီး မြို့နယ်ေ
နေသူရောက်ရှိလာပြီး နာရီဝက်ခန့်အကြာတွင်ပြန်တော့မည်ဟု
ပြောဆိုသဖြင့် ဒေါ်ခင်သန်းရီမှ တိုက်ခန်းအ၀သို့လိုက်ပို့ပေးခဲ့ပါသည်။
ထိုသို့လိုက်ပို့ပေးစဉ် ဇော်မျိုးထက်(ခ)အောင်အောင်မှ ဒေါ်ခင်သန်းရီ၏ လည်ပင်းတွင်ဆွဲထားသော အလေးချိန်(၁)ကျပ်သားကျော်
ရွှေဆွဲကြိုးအား လုယူထွက်ပြေးသွားသဖြင့် ပတ်ဝန်းကျင်သို့အော်ဟစ် အကူအညီတောင်းခံရာ ရန်ကင်းစင်တာရပ်ကင်းတာဝန်
ဆောင်ရွက်လျက်ရှိသည့် ရဲတပ်ကြပ် မျိုးမင်းထွန်းနှင့် ပြည်သူများမှ ၀ိုင်းဝန်းဖမ်းဆီးရမိခဲ့ပါသည်။
ဆွဲကြိုးလုယူသူဇော်မျိုးထက်(ခ)အောင်အောင်အား ဒေါ်ခင်သန်းရီမှ အရေးယူပေးပါရန်တိုင်တန်းခဲ့၍ ရန်ကင်းမြို့မရဲစခန်း (ပ)၁၇၀/၂၀၁၃၊
ပုဒ်မ ၃၈၂ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
from YGN Police
No comments:
Post a Comment