Sunday, August 4, 2013

နိုင်ငံသားစိစစ်ရေးကဒ်နှင့် အိမ်ထောင်စုစာရင်း၌မွေးသက္ကရာဇ်အား လိမ်လည်ပြုပြင်ရေးသား၍ နိုင်ငံကူးလက်မှတ်လျှောက်ထားသူအား အရေးယူ

၂.၈.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသို့ မဒိုးလွန်းနဲမ်း၊ (ဘ)ဦးလျန်ဇကျင်းတောင်၊ ပြည်တော်သာရွာ၊ ကလေးမြို့နယ်နေသူ သည် နိုင်ငံသားစိစစ်ရေးကဒ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းစာရွက်တို့ပေါ်၌ ၎င်း၏မွေးသက္ကရာဇ်အား (၁၈)နှစ်ပြည့်စေရန်အတွက် ပြင်ဆင်ထားပြီးနိုင်ငံကူးလက်မှတ်လျှောက်ထားခဲ့ကြောင်း တွေ့ရှိရသဖြင့် ၎င်းအားစစ်ဆေးခဲ့ရာ
တောင်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်နေ ဟိန်းဇေယျာကျော်၊ (ဘ)ဦးစိန်ဝင်းမှငွေ(၃၀၀၀)ကျပ်ရယူကာ ပြင်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား
မှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြသန်းမှအရေးယူပေးပါရန် တိုင်တန်းခဲ့၍ မဒိုးလွန်းနဲမ်း နှင့် ဟိန်းဇေယျာကျော်တို့အား ဗဟန်းမြို့မရဲစခန်း (ပ)၃၀၅/၂၀၁၃၊ ပုဒ်မ ၄၂၀/၄၆၈ ဖြင့်
၃.၈.၂၀၁၃ ရက်နေ့တွင် အရေးယူထားရှိကြောင်းသတင်းရရှိပါသည်။
from ygn police

No comments:

Post a Comment