Sunday, August 4, 2013

စင်ကာပူ ITE က လုပ်သားစွမ်းရည်မြှင့် ဆရာဖြစ်သင်တန်း အခမဲ့ပေးမည်


မြန်မာလုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စင်ကာပူနိုင်ငံ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ITE (The Institute of Technical Education) က သြဂုတ်လအတွင်း အခမဲ့ သင်တန်းပေးမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန တာဝန်ရှိသူ အရာထမ်းက ဆိုသည်။
...
“ဒီသင်တန်းက မြန်မာနိုင်ငံနဲ့ စိမ်းတယ်ဆိုပေမယ့် စွမ်းရည်မြှင့်တင်ပေးတဲ့ သင်တန်းဖြစ်တော့ အရမ်းလိုအပ်ပြီး အကျိုးလည်း ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသင်တန်းတွင် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကက ဖွင့်လှစ်ထားသည့် သင်တန်းကျောင်းမှ သင်တန်းသားများ တက်ရောက်နိုင်ကြောင်း၊ ထိုသင်တန်းတွင် စာတွေ့နည်းပြ လေ့ကျင့်ခြင်း၊ အလုပ်ရုံ လက်တွေ့လေ့ကျင့်ခြင်းများဖြင့် သင်တန်းပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းကပင်ဆိုသည်။

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ စုစုပေါင်းနည်းပြ ၁၆၀ ဦးကို စင်ကာပူနိုင်ငံ ITE မှ စာတွေ့၊ လက်တွေ့နည်းပြ လေ့ကျင့်ရေး သင်တန်းများပေးမည် ဖြစ်ကြောင်း၊ ထိုသင်တန်းတွင် လိုအပ်မည့် အခြေခံ အဆောက်အဦး သင်တန်းသုံး ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ လိုအပ်လျက် ရှိကြောင်း၊ ထို့ပြင် NSSA အနေနှင့်လည်း အလုပ်အကိုင် ၁၇၃ မျိုး၏ လုပ်ရည်ကိုင်ရည် ကျွမ်းကျင်မှုစံကို အခြေခံ၍ သင်ရိုး ညွှန်းတမ်း ရေးဆွဲနိုင်ရန် စင်ကာပူတီးမားဆက် ဖောင်ဒေးရှင်း၏ အထောက်အပံ့ဖြင့် ပိုလီတက္ကနစ်မှ ကျွမ်းကျင်သူများက မြန်မာနိုင်ငံမှ နည်းပြဦးရေ ၉၀ ကို သင်တန်းပေးပြီး ဖြစ်ကြောင်းလည်း မြန်မာလုပ်သားထု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။
From The Voice Weekly

No comments:

Post a Comment