Wednesday, August 21, 2013

စည်းကမ်းသတ်မှတ်ချက်တွေမရှိပေမယ့် ပိုးထည်ဆိုင်မှာ ငွေကျပ် ၂၀၀၀၀ ဖိုးဝယ်ယူမှယှဉ်ပြိုင်နိုင်တဲ့ သားစိုးရဲ့မော်ဒယ်ပြိုင်ပွဲ

ဒီမိုကရေစီနည်းကျကျရွေးချယ်မည်ဟု သားစိုးပြောဆိုလိုက်သည့် မော်ဒယ်ပြိုင်ပွဲကို စက်တင်ဘာ ၂၉ ရက် တွင် Park Royal Hotel တွင်ကျင်းပမည်ဖြစ်သည်။ ထိုမော်ဒယ် ပြိုင်ပွဲအားသားစိုး၏ စီးပွားရေး လုပ်ငန်းဖြစ်သော ရွှေပိုးနန်းတော်ပိုးထည်တိုက်မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး Miss ရွှေပိုးနန်းတော်ဆုအပြင် ဖေ့စ်ဘွတ်တွင် ပရိသတ်အနှစ်သက်ဆုံးဆုအဖြစ် ပေးအပ်မည့် Miss ရွှေပိုးနန်းတော်ဖေ့စ်ဘွတ်ကိုပါ ကျင်းပမည်ဖြစ်သည်။

ယင်းပွဲနှင့်ပတ်သက်ပြီး အဆိုတော်သားစိုးက “ဒီပွဲမှာ လာရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေကို ဒီမိုကရေစီ နည်းကျကျရွေးချယ်မှာပါ။ လာဘ်ပေးလာဘ်ယူလည်းမရှိပါဘူး။ဘာစည်းကမ်းချက်မှ မရှိပါဘူး။ ဒိုင်တွေပေးတဲ့ မဲကို ပရိသတ်အရှေ့မှာပဲဖောက်ပြီး ကြေညာမှာပါ။ ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ မြန်မာပြည်က မြန်မာကလေးတွေ မြန်မာဆန်ဆန်လေးလှတာကို ပြချင်ပါတယ်။ ဒီပြပွဲမှာ နာမည်ကြီး ဓာတ်ပုံဆရာတွေ၊ မိတ်ကပ်ဆရာတွေလည်း ပါဝင်မှာဖြစ်ပါတယ်”ဟု ဆိုသည်။

ယင်းပြိုင်ပွဲတွင် အသက် ၃၀ အောက်ပြိုင်ပွဲဝင်များသည် Group A အဖွဲ့တွင် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး Group B အဖွဲ့တွင် အသက် ၃၀ အထက်အမျိုးသမီးများ ပါဝင်နိုင်မည်ဖြစ်သည်။ ယင်းအဖွဲ့နှစ်ဖွဲ့မှ တစ်ဖွဲ့
လျှင် ရွေးချယ်ခြင်းခံရသည့် ပြိုင်ပွဲဝင်ငါးဦးသည် စက်တင်ဘာ ၂၉ ရက်တွင် ကျင်းပမည့် ရွှေပိုးနန်းတော်၏ ပထမအကြိမ်မြောက်ကျင်းပမည့် ဖက်ရှင်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

Miss ရွှေနန်းတော် Facebook Award ကိုမူ ပြိုင်ပွဲဝင်များထဲမှ Like အများဆုံးရရှိသွားသူအား ပေးအပ်ချီးမြှင့် သွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်များသည် မိမိစိတ်ကြိုက်ရိုက်ကူးထားသည့် ကိုယ်လုံးပေါ် ဓာတ်ပုံသုံးပုံကို စီဒီဖြင့် ရွှေပိုးနန်းတော်ပိုးထည်တိုက်ရှိရာသို့ တိုက်ရိုက်ပေးပို့နိုင်သလို spntsilk@gmail.com သို့ စက်တင်ဘာ ၂၀ ရက်နောက်ဆုံးထားကာ ပေးပို့ရမည်ဖြစ်သည်။

အဖွဲ့တစ်ဖွဲ့လျှင် ပထမဆုနှင့် နှစ်သိမ့်ဆုနှစ်ဆု ချီးမြှင့်မည်ဖြစ်ပြီး ပထမဆုကို ငွေကျပ်ငါးသိန်း ပေးအပ်မည်ဖြစ်သည့်အပြင် ဖေ့စ်ဘွတ်တွင် ပရိသတ်အကြိုက်ဆုံးရွေးချယ်ခြင်း ခံရသူကိုလည်း ငွေကျပ်ငါးသိန်းဆု ချီးမြှင့်မည်ဖြစ်သည်။ ဒါ့အပြင် ပထမဆုရရှိသူများသည် ရွှေပိုးနန်းတော်ဆိုင်၏ လှုပ်ရှားမှုများတွင်ပါဝင် ပါမည်ဟူသော တစ်နှစ်သက်တမ်းစာချုပ်ကို ချုပ်ဆိုရမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲသို့ အိမ်ထောင်ရှင် အမျိုးသမီးများလည်း ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်
from Mizzima

No comments:

Post a Comment