Sunday, August 4, 2013

အယ်လ်ကိုင်ဒါ ခြိမ်းခြောက်မှုကြောင့် တကမ္ဘာလုံးရှိ အမေရိကန် ခရီးသွားတွေကို သတိထားဖို့ အမေရိကန်ထုပ်ပြန်/ အမေရိကန် သံရုံးတချို့ ယာရီပိတ်ပင်သွားမည်


အယ်လ်ကိုင်ဒါတွေဟာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဒေသမှာ အမေရိကန် ခရီးသွားတွေကို လာမည့်အပတ်တွေအတွင်း တိုက်ခိုက်နိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနမှ သောက်ကြာနေ့က ခရီးသွားသတိပေးချက် ထုပ်ပြန်လိုက်ပြီး၊ ခြိမ်းခြောက်မှုကြောင့် ကမ္ဘာတဝန်းလုံးရှိ အမေရိကန် သံရုံး ၂၁ ခုနှင့် ကောင်စစ်ဝန်ရုံးတွေကို လာမည့် တနင်္ဂနွေနေ့မှာ ပိတ်ပင်သွားမယ်လို့ သိရပါတယ်။
...
ရရှိထားတဲ့ စစ်သတင်းအချက်လက်တွေအရ ယီမင်၊ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက နိုင်ငံတွေမှာ အယ်လ်ကိုင်ဒါတွေက အမေရိနိုင်ငံသားတွေကို အချိန်မရွေး ပစ်မှတ်ထား တိုက်ခိုက်လာဖွယ်ရှိတာကြောင့် အမေရိကန်အစိုးရမှ အခုလိုလုပ်ဆောင်တာဖြစ်တယ်လို့ အရာရှိတစ်ဦးက CNN သတင်းဌာနကို ပြောထားပါတယ်။

အမေရိကန် နိုင်ငံသားတွေကိုသာမက ဥရောပ နိုင်ငံသားတွေကိုလည်းပဲ တိုက်ခိုက်လာနိုင်တယ်ဟု အမေရိကန် အကြီးအကဲ နှစ်ဦးကဆိုပါတယ်။

အာရေဗျကျွန်းဆွယ်မှာရှိတဲ့ အယ်လ်ကိုင်ဒါတွေဟာ အကြမ်းဖက် လုပ်ရပ်တွေလုပ်ဖို့ ပြင်ဆင်မှု နောက်ဆုံးအဆင့်တောင် ရောက်နေပြီလို့ သတင်းရရှိထားတာကြောင့် အမေရိကအစိုးရမှ ဆိုပါတယ်။

အထူးသဖြင့် ယီမင်နိုင်ငံရှိ အမေရိကန် သံရုံးကို တိုက်ခိုက်လာနိုင်တာကြောင့် စိုးရိမ်ပူပန်နေကြောင်း အရာရှိတွေက ဆိုပါတယ်။ သမ္မတအိုဘားမားက သူ့ရဲ့ နိုင်ငံသားတွေကို ကာကွယ်ရန် အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားဖို့ ကြာသပဒေးနေ့က အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ အစည်းဝည်းပြီးနောက် နိုင်ငံအကြီးအကဲတွေကို မှာကြားလိုက်ပါတယ်။
from CNN

No comments:

Post a Comment