ထိုင်းနိုင်ငံတွင် ဗုံးပေါက်ကွဲမှုကြောင့် စစ်သား ၄ ဦး ဒဏ်ရာရ
နာရတ်သီဝပ်တ်ရှိ စစ်တပ်မှ စစ်သား ၈ ဦးမှာ
မော်တော်ဆိုင်ကယ် ၄ ဦးဖြင့် ကင်းလှည့်နေစဉ် ထိုင်းစံတော်ချိန် စနေနေ့ (သြဂုတ် ၃
ရက်) နံနက် ၉ နာရီတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့
...
ထိုင်းနိုင်ငံတောင်ပိုင်း နာရတ်သီဝပ်တ် (Narathiwat) ပြည်နယ် Tak Bai ဒေသတွင် ယနေ့
နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ စစ်သား ၄ ဦး ဒဏ်ရာရရှိသွားပြီး ယင်းတိုအနက်
၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ နာရတ်သီဝပ်တ်ရှိ စစ်တပ်မှ စစ်သား
၈ ဦးမှာ မော်တော်ဆိုင် ကယ် ၄ ဦးဖြင့် ကင်းလှည့်နေစဉ် ထိုင်းစံတော်ချိန် စနေနေ့
(သြဂုတ် ၃ ရက်) နံနက် ၉ နာရီတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဟု Tak Bai
ရဲတပ်ဖွဲ့အရာရှိ က ပြောကြားသည်။ စစ်သားများ မော်တော်ဆိုင်ကယ်ဖြင့် ကင်းလှည့်နေစဉ်
လမ်းမတွင် တပ်ဆင်ထားသော ဗုံးကို သူပုန်များကအဝေးထိန်း စနစ်ဖြင့် ဖောက်
ခွဲခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသွားသော စစ်သားများကို နာရတ်သီဝပ်တ်
ရတ်ချနာကရင်န်ဆေးရုံသို့ တင်ပို့လိုက်ကြောင်း Bangkok Post က ဖော်ပြသည်။
from Planet Myanmar Network
No comments:
Post a Comment