တက္ကသိုလ်ဝင်ခွင့်အမှတ် ရန်ကုန် တက္ကသိုလ်အမြင့်ဆုံး
၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်
ဝင်အမှတ်များထုတ်ပြန်ရာတွင် ရန်ကုန်တက္ကသိုလ်ဝင်ခွင့် အမှတ် မှာ
အမြင့်ဆုံးဖြစ်ကြောင်းသိရ သည်။
ယင်းကဲ့သို့ ရန်ကုန်တက္ကသိုလ်အမှတ်များ မြှင့်တင် ရခြင်း
မှာ ထူးချွန် ကျောင်းသား များ မွေး ထုတ်ပေးရန်အတွက်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ
သိ ရသည်။
...
အဆင့်မြင့် ပညာဦးစီးဌာန (အောက်မြန်မာပြည်)မှ ညွှန်
ကြားရေးမှူး ဦးဉာဏ်ဝင်းအောင် က ''အခုလို ရန်ကုန်တက္ကသိုလ် ဝင်ခွင့် အမှတ် တွေကို
မြှင့်လိုက်ရ တာက ထူးချွန်တဲ့ကျောင်း သား၊ ကျောင်းသူတွေကို မွေးထုတ်နိုင်
ဖို့အတွက်ပါ။
ဘယ် ဘာသာရပ် ကိုဝါသနာပါလဲ၊ ပါတဲ့ဘာသာရပ် တွေကို
ထဲထဲဝင်ဝင်လေ့လာနိုင် မယ့်ကျောင်းသား၊ ကျောင်းသူ တွေနဲ့ ထူးချွန်အောင် လုပ်နိုင်
မယ့် ကျောင်းသား၊ ကျောင်းသူတွေ အတွက်ပါ။
သူတို့ကို နိုင်ငံခြား ပညာတော်သင် တွေ လွှတ် မယ်။
ပြီးတော့ ပါရဂူဘွဲ့ရတဲ့အထိမွေး ထုတ်ပေးဖို့အတွက် အမှတ်တွေ ကိုမြှင့်လိုက်တာပါ''ဟု
ပြောသည်။
ယင်းကဲ့ သို့ ရန်ကုန်တက္ကသိုလ်ဝင်ခွင့်အမှတ်များ
မြှင့်တင် လိုက်ခြင်းနှင့်ပတ်သက်၍ ပညာ ရေးကျွမ်းကျင်သူအခိျု့က အ ရည်အသွေး
ရှိသောကျောင်းသားများ မွေးထုတ် ပေးနိုင်ပြီး နိုင်ငံတော်အတွက် ပြန်
လည်အသုံးချနိုင်ပါက ယင်းကဲ့ သို့ အမှတ်များ မြှင့်ထားရကျိုးနပ် သည်ဟု
ပြောကြားကြသည်။
ပညာရေး ဝန်ကြီးဌာနအ နေဖြင့် ထူးချွန်ထက်မြက်သော
ကျောင်း သား၊ ကျောင်းသူများမွေးထုတ်ပေးနိုင်ရေးကို ရည်ရွယ် ၍
တက္ကသိုလ်ဝင်ခွင့်အမှတ်များ ကိုမြှင့်တင်လိုက်သော်လည်း ယင်း
အမှတ်သတ်မှတ်ချက်ကြောင့်
ရန်ကုန် တက္ကသိုလ် ကို တက်လို ကြ သော
ကျောင်းသားများအတွက် တက်ရောက်ခွင့်ရရန် အခွင့်အ ရေးနည်းပါးသွားပြီး ကျောင်းသား
အများစုကလည်း အခြားအသက် မွေးဝမ်းကျောင်း တက္ကသိုလ်များ သို့တက်ရောက်ရန်သာ အားသန်
နေကြကြောင်း သိရ သည်။
ရန်ကုန် တက္ကသိုလ်၏ ယခု နှစ်ဝင်ခွင့်သတ်မှတ်ချက် အမှတ်
အများဆုံးမှာ ၅ဝဝမှတ်ဖြင့် အင်္ဂလိပ်စာမေဂျာက အမြင့်ဆုံးဖြစ် နေပြီး ရူပဗေဒ၊
ဓာတုဗေဒ၊ သင်္ချာ၊ ရုက္ထဗေဒ၊ သတ္တဗေဒ၊ ဘူမိဗေဒ နှင့် ကုန်ထုတ်ဓာတုဗေဒဘာသာ ရပ်များ သည်
၄၉ဝ သတ်မှတ်ထား ကြောင်း သိရသည်။
ရန်ကုန် တက္ကသိုလ်အနေဖြင့် ဘာသာရပ် ၂ဝအတွက်
ကျောင်းသားကျောင်း သူ၃ဝဝကို ခေါ်ယူသွားမည်ဖြစ် ကြောင်း သိရသည။
from Yangon Media Group
No comments:
Post a Comment