Wednesday, August 21, 2013

နေအိမ် တစ်လုံးတွင် ယမ်းနှင့် ဆက်စပ် ပစ္စည်းများ တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရှမ်းကလေးကျွန်း ကျေးရွာ ရှိ နေအိမ် တစ်လုံးတွင် ပေါက်ကွဲစေတတ်သော ယမ်းနှင့် ဆက်စပ် ပစ္စည်း များ တွေ့ရှိသဖြင့် အိမ်ရှင်ကို အမှုဖွင့် အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

ဦးထွန်းဝေ ဆိုသူ၏ နေအိမ်ကို သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က သတင်းအရ ဝင်ရောက် ရှာဖွေရာ ယင်းနေအိမ် အောက်ထပ်နှင့် အပေါ်ထပ် တွင် M. ၃၈.၁၀၀ ထူးရှယ်မော် ၁၀၀ တံဆိပ်ပါ ယမ်းကတ်များ ထည့်သွင်း ထားသော စက္ကူဘူး ၅၀ ဘူး၊ ORIENT တံဆိပ်ပါ ယမ်းနှင့် ရေ ရောစပ်ထား သည့် ကော်ပုံး တစ်ပုံး၊ ပန်းကန် လေးလုံးတို့ကို တွေ့ရှိခဲ့ကြောင်း အဆိုပါရုံး မှတ်တမ်းများအရ သိရသည်။

အဆိုပါ အိမ်ရှင် ဦးထွန်းဝေကို အမရပူရမြို့နယ်၊ အမရပူရ မြို့မ ရဲစခန်းက (ပ)၃၃၉/၁၃၊ ပြစ်မှု ပုဒ်မ ၂၈၆ အရ အရေးယူ စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ ထပ်မံ သိရသည်။
from Aye Chan Mon

No comments:

Post a Comment