Saturday, August 3, 2013

တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်ကြောင့်ဒေသအချို့ လျှပ်တစ်ပြက် ရေကြီးနိုင်


ရန်ကုန်- တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်တိမ်တိုက်များ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများသို့ ဖြတ်ကျော်နိုင်သောကြောင့် ကရင်ပြည်နယ် အပါအ၀င်ဒေသအချို့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ ရဖွယ်ရှိနေသေးကြောင်း မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က ပြောကြားသည်။

“သြဂုတ် ၄ ရက်ညနေပိုင်း ဖြတ်မယ်လို့ခန့်မှန်းထားတယ်။ အလယ်ပိုင်းဒေသ မိုးရနိုင်ပေမယ့် လျှပ်တစ်ပြက်ရေကြီးမှုကြောင့် ဖြစ်လာမယ့်သဘာဝဘေးအန္တရာယ်တွေ ရင်ဆိုင်ရဖို့သေချာသလောက်ရှိနေတယ်”ဟု ၄င်းက ပြောသည်။
...
အဆိုပါတိုင်ဖွန်းမုန်တိုင်းကို (JEBT) ဟုအမည်ပေးထားပြီး သြဂုတ် ၃ ရက်ညနေတွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းသို့ ဖြတ် ကျော်ဝင်ရောက်ပြီးနောက် သြဂုတ် ၄ ရက်တွင် မုန်တိုင်း အကြင်းအကျန်တိမ်တိုက်များမှာ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်း ဒေသများကို ဖြတ်ကျော်မည်ဖြစ်ကြောင်း၎င်းကခန့်မှန်းထားသည်။

“လောကကြီးရဲ့ သဘာဝအတိုင်းပဲ။ ဒီမုန်တိုင်းက မြန်မာနိုင်ငံအတွက် အကောင်းနဲ့အဆိုး နှစ်မျိုးစလုံးကို ပေးလာနိုင်မယ်”” ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဇူလိုင် ၂ ရက်တွင် ပြောကြားသည်။

သို့သော် မြန်မာပြည်အလယ်ပိုင်းတွင် မိုးခေါင်နေမှုကို တိုင်ဖွန်းမုန်တိုင်းကြောင့် အဆုံးသတ်နိုင်ပြီး မိုးရေရနိုင်သော်လည်း ဧရာဝတီမြစ်အလယ်ပိုင်းမှ ရေများပြီး မြစ်ဝကျွန်းပေါ်တွင် ရေကြီးမှုများ ဖြစ်လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြော
သည်။ လျှပ်တစ်ပြက်ရေကြီးမှုအန္တရာယ်ကြုံတွေ့ရနိုင်သော ဒေသများတွင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်
မြောက်ပိုင်းစွန်း၊ ချင်းပြည်နယ်တောင်ပိုင်းနှင့် လက်ရှိရေကြီးနေသော ကရင်ပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း ဒေသများပါဝင်သည်။

လက်ရှိတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ မြစ်ရေမှာများနေသဖြင့် မိုးသည်းထန်စွာရွာသွန်းလျှင်ရေလွှမ်းမိုးနိုင်ခြေ များ၍ ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသတွင်ရေကြီးမည်ကို အထူးစိုးရိမ်ရကြောင်း ဦးထွန်းလွင်က သတိပေးပြောသည်။

“သဘာဝအရ မိုးဆက်တိုက်ရွာလေမြေပြိုမှုအန္တရာယ်ကြီးမားလေပဲ။လက်ရှိကာလမှာလည်း ကရင်ပြည်နယ်မှာ ရေဘေးအန္တအရာယ်ရင်ဆိုင်နေရတာကြောင့် စီမံခန့်ခွဲမှုကောင်းကောင်းနဲ့ ကြိုတင်ပြင်ဆင်ထားသင့်တယ်”ဟု ဦးထွန်းလွင်က ပြောသည်။

အမေရိကန် အမျိုးသား အာကာသအေဂျင်စီ (NASA) ဂြိုဟ်တုများ၏ သြဂုတ် ၁ ရက် ည ၁၂ နာရီအချိန်တိုင်းထွာချက်များတွင် ဇူလိုင်လနောက်ဆုံးရက် သတ္တပတ်အတွင်း မိုးသည်းထန် စွာရွာသွန်းခဲ့သော ဧရာဝတီတိုင်း ဒေသကြီးအနောက်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်ဒေသအချို့ မိုးရွာသွန်းမှုလျော့နည်းသွားပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့တွင် မိုးရွာသွန်းမှုအားကောင်းလာကြောင်း ဖော်ပြထားသည်။
From 7Day News Journal

No comments:

Post a Comment