Sunday, August 4, 2013

စစ်မက်ဖြစ်ပွားမှု ကုန်ကျစရိတ်နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု ကုန်ကျစရိတ်များနှင့်ပတ်သက်သည့် ဟောပြောဆွေးနွေးပွဲတစ်ရပ်ကျင်းပ

စစ်မက်ဖြစ်ပွားမှု ကုန်ကျစရိတ်နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု... ကုန်ကျစရိတ် များနှင့်ပတ်သက်သည့် ဟောပြောဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ မွန်းလွဲ ၂ နာရီ က ရန်ကုန်မြို့ ကုန်သည် စက်မှုအသင်းချုပ် တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဟောပြောမှုကို မြန်မာငြိမ်းချမ်းရေးစင်တာမှ ငြိမ်းချမ်းရေးဆွေးနွေးမှု ပရိုဂရမ် အဖွဲ့ဝင် ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦး က ဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။

ဟောပြောမှုတွင် ကမ္ဘာ့နိုင်ငံများအပါအ၀င် အာရှနိုင်ငံများ၊ မြန်မာနိုင်ငံ အပါအ၀င် အိမ်နီးချင်းနိုင်ငံများ၏ စစ်မက်ဖြစ်ပွားမှုကြောင့် တိုင်းပြည် ဆင်းရဲမွဲတေမှုဖြစ်ပွားခဲ့ခြင်း ။ ပြန်လည်တည်ဆောက်မှုအတွက် လိုအပ်ချက်ငွေကြေးများစွာအသုံးပြုနေရခြင်းများအပေါ် နှိုင်းယှဉ်ဆွေးနွေးခဲ့ကြောင်းသိရသည်။

from NLA

No comments:

Post a Comment