အမေရိကန်တွင်ကျင်းပမည့် မြန်မာ့ရုပ်ရှင်ပွဲတော်၌ “တိမ်မင်းသမီးဒဏ္ဍာရီ” ဇာတ်ကားကို ပြသမည်
ခြောက်ကြိမ်မြောက်ကျင်းပမည့် Myanmar Film Festival of Los Angeles ကို
စက်တင်ဘာ ၁၅ ရက် တွင် လော့စ်အိန်ဂျယ်လ်လိစ်ရှိ Downtown Independent
Theater တွင် ကျင်းပမည်ဖြစ်သည်။ ယင်း ပွဲတော်အား Network of Myanmar
American Association မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး
မြန်မာအနုပညာနှင့်ယဉ်ကျေးမှုများ
အကြောင်းကို အခြားအာရှနိုင်ငံများက ရုပ်ရှင်ထုတ်လုပ်သူများ၊
အနုပညာရှင်များနှင့် အတူတကွ စုပေါင်းကာချိတ်ဆက်ပြသနိုင်ရန်
ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ယခုနှစ်ပွဲတော်တွင် ဇာတ်လမ်း တိုလေးခုနှင့်
“တိမ်မင်းသမီး ဒဏ္ဍာရီ”ဇာတ်ကားတို့ကို ပြသမည်ဖြစ်သည်။
ယခုနှစ်ပွဲတော်သို့ ဇာတ်လမ်းတိုရိုက်ကူးသည့် ဒါရိုက်တာလေးသီတာနှင့်
မင်းသမီး န၀ရတ်တို့အပြင် ဆွေဇင်ထိုက်လည်း တက်ရောက်မည်ဖြစ်သည်။
“မြန်မာနိုင်ငံက စက်တင်ဘာ ၁၃ ရက်မှာသွားမယ်။ ပြီးရင် ၁၅ ရက်မှာ န၀ရတ်နဲ့
ကျွန်မက “တိမ်မင်းသမီး ဒဏ္ဍာရီ”ဇာတ်ကားနဲ့ တက်ရောက်မယ်။ ပြီးရင် ၂၁ ရက်တွင်
ဆန်ဖရန်စ္စကိုမှာလုပ်မယ့် Myanmar Film Festival မှာလည်း “ဒဏ္ဍာရီ” ဇာတ်ကားနဲ့
“တိမ်မင်းသမီး ဒဏ္ဍာရီ” ဇာတ်ကားကို ထပ်မံပြသမယ်။ ဘာပဲဖြစ်ဖြစ်
ဒီလိုပြသခွင့်ရတဲ့အတွက် ကောင်းပါတယ်” ဟု
ဒေါ်ဆွေဇင်ထိုက် က ဆိုသည်။
၂၀၀၈ ခုနှစ်တွင် ပထမဆုံး ကျင်းပသည့် Myanmar Film Festival ၌ “ကျန်စစ်မင်း”၊ “လျှို့ဝှက်သောနှင်း” ဇာတ်ကားတို့ကို စတင်ပြသခဲ့သည်။
from Mizzima
No comments:
Post a Comment